ရန်ကုန်၊ နိုဝင်ဘာ ၁၉
ကနီမြို့နယ်တွင် ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင်”လွတ်မြောက် ရဲဘော်တွေကို ကြိုဆိုတယ်။ တိုင်းပြည် စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး ဆက်လက် တိုက်ပွဲဝင်ကြ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။