ရန်ကုန်၊ နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ညအချိန်မတော် စစ်တပ်တွေ ဝင်လာလို့ ပြည်သူ ၃၀၀၀ ကျော် အိပ်ချိန်မရဘဲ တောတွေတောင်တွေထဲ ပြေးလွှား ထွက် ပြေး ရတယ်လို့ Yinmarbin Local People’s Defense Forceရဲ့ သတင်း ထုတ် ပြန်ချက်နဲ့ ယင်းမာပင် PDF သတင်းရင်းမြစ်ရဲ့ ရန်ကုန်ခေတ်သစ်ထံ ပြော ဆို ချက်အရ သိရှိရပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ယင်းမာပင်မြို့နယ်၊ ဘွန့် ဘွေး ရွာမမှ တောင်ဘက်သို့ ထွက်လာပြီး စည်ဆွဲတောင်သို့ ချည်း ကပ် တပ် စွဲလာသဖြင့် အနီးအနားကျေးရွားမှ ပြည်သူ ၃၀၀၀ ကျော် ညအချိန် အိပ်ချိန် မရ ဘဲ ပြေးလွှား ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
“စည်လှောင်၊ သကြားစက်၊ ကံစုရွာတွေ အပါအဝင် ရွာတွေအားလုံးက ပြည်သူ တွေ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်။ စစ်ကြောင်းထိုးလာလို့ အကုန် ပြေး နေရ တယ်” ဟု ယင်းမာပင် PDF သတင်းရင်းမြစ်က ပြောဆိုသည်။