ရန်ကုန်၊ နိုဝင်ဘာ ၂၀
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် သီးဘွာလ်စခန်းကို စနိုက်ဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ သီးဘွာလ်စခန်းကို CNDF လက်ဖြောင့် တပ်သားများက (Snipers)ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိူးသားအဖွဲ့ချုပ် ထံမှ သိရသည်။
ဖလမ်းမြို့ရှိ သီးဘွာလ်တပ်စခန်းကို နံနက် ၁၀ နာရီခန့်တွင် စားနပ်ရိက္ခာနှင့် လက်နက်များကို တိုက်ပွဲသုံးရဟတ်ယာဥ် ၂ စင်းဖြင့် လာရောက်ပေးပို့သွားကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိစန်ခန့်တွင် တိုက်ပွဲသုံး MI-35 ရဟတ်ယာဥ်ဖြင့် CNDF နှင့် ပူးပေါင်း ကာကွယ်ရေး တပ်ဖွဲ့များကိုလာရောက်ပစ်ခတ်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲသုံး ရဟတ်ယာဉ်ဖြင့် ရိက္ခာများဖြည့်တင်းခြင်းများကို ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။