ရန်ကုန်၊ နိုဝင်ဘာ ၂၀
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဋ္ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယ နေ့ ညပိုင်းတွင် ဗုံးဖောက် ခွဲ တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြော သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် မြောက်ဥက္ကလာပမြို့ နယ် တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ပေါက်ကွဲမှုနေရာမှာ မြောက် ဥက္ကလာပ မြို့နယ် ဝေဘာဂီလမ်းရှိ ဋ္ဌ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး ကိုမြို့ပြ ပျောက်ကျားအဖွဲ့က ဗုံးဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ပစ်ခတ်မှုတွင် ရုံးဝန်းထဲသို့ ကျရောက်ပြီး ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း မြောက်ဥက္ကလာဒေသတင်းရင်းမြစ်များက သတင်း ဖော်ပြသည်။
“နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီ ၃၇ မိနစ်အချိန် အင်အားပြင်းတဲ့ ဗုံးပေါက် ကွဲသံ ကြား ရပါတယ်။ ဆေးရုံးကားသံတချို့ ဆူဆူညံညံ ကြားရပါတယ်” ဟု မြောက်ဥက္ကလာပဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ အလုံမြိုနယ်၊ ဧရာဝတီရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ သခင် မြ ပန်းခြံ၊ အိမ်သာတွင် ယနေ့ နိုဝင် ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိ နစ် အချိန် ဗုံးပေါက်ကွဲခဲ့ပြီး လူငယ်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ညအချိန် ကင်းလှည့် လုံခြုံရေးယူကြသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်သည်)