25.7 C
Yangon

တံတားဦးလေဆိပ်မှ တိုက်လေယာဉ်များ ပျံတက်သွား၊ မြောက်ဘက်သို့ ဦးတည်နေသဖြင့် ကချင်ဘက်သို့ ဖြစ်ဖွယ်ရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မန္တလေးတိုင်း၊ တံတားဦလေးဆိပ်မှ ယနေ့ နံနက်အစောပိုင်းတွင် တိုက် လေယာဉ် များ ပျံတက်နေပြီး မြောက်ဘက်သို့ပျံသန်းသွားပုံရှိသဖြင့် ကချင် ဘက်သို့ ဖြစ်နိုင်ကြောင်း ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ သတင်းပေးပို့ကြသည်။

ယနေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်မှစ၍ တံတားဦးလေဆိပ်မှ တိုက်လေ ယာဉ် အနည်းဆုံး ၂ စီးထက်မနည်း ပျံတက်သွားကြောင်း ဒေသခံများက ဆိုကြသည်။

” ဒီမနက် ၁၂ နာရီ ၃၀ မိနစ် တံတားဦးလေဆိပ် ကနေ တိုက်လေယာဉ်တွေ တက်သွားပြန်ပြီ။ ဖိုက်တာလေယာဥ်နှစ်စီး မန္တလေးမြောက်ဘက် ရွာတစ် ရွာအပေါ်ကနေ ဖြတ်ပြီး မြောက်ဘက်ကို ပျံသွားတယ်။၂ မိနစ်လောက် ခြားပြီး ပျံသွားတာ။ အသံက အတော်ကျယ်ပေမယ့် ဘာအချက်ပြမီးမှ မမြင်ရဘူး” ဟုဒေသခံတစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article