ရန်ကုန်၊ နိုဝင်ဘာ ၂၁
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ယနေ့ ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် လူ ၅၀ ကျော် သေဆုံးပြီး ၇၀၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။။
အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး Ridwan Kamil က ငလျင်ကြောင့် သေဆုံးသူ ၅၆ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး ငလျင်ဗဟိုချက်မှာ မြို့တော် ဂျကာတာ၏ အရှေ့တောင်ဘက် ၇၅ ကီလိုမီတာအကွာ Cianjur မြို့တွင် ဖြစ် ကြောင်း ပြောဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝဘေးအန္တရာယ်အေဂျင်စီ BNPB ၏ အကြီးအကဲက ငလျင်ကြောင့် လူ ၇၀၀ ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၃၀၀ အထိ ပျက်စီးသည် ဟုဆိုသည်။