ရန်ကုန်၊ နိုဝင်ဘာ ၂၂
အမေရိကန်နိုင်ငံ၊ Jacksonville မြို့ Ramallah-American Club တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ” မသောက်မိသော မိုးခါးရေ” (The Road Not Taken) ဇာတ်ကား ပြသခဲ့ပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို Jacksonville Myanmar Association အဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာ ၂၀ ရက် ညနေ (၅) နာရီမှည(၈)နာရီအထိ ပြသကာ ရုံပြည့်ရုံလျှံ အားပေးခဲ့ပြီး ပန်ဆယ်လိုနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့မှလည်း Florida မြန်မာမိသားစုနှင့် Zoom မှတစ်ဆင့်နွေးထွေးစွာ တွေ့ထိဆွေးနွေးခဲ့ကြောင်း၊ ရုပ်ရှင်ပြသမှုကို Jacksonville မြို့နှင့်အနီးတဝိုက်တွင်နေထိုင်ကြသော လူဦးရေ နှစ်ရာကျော်ခန့်ရှိ သည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနှင့် အမေရိကန်မိတ်ဆွေမိသားစုများက တခဲနက် တက် ရောက် အားပေးကြည့်ရှု့ခဲ့ကြောင်း၊ ရုပ်ရှင်ပြပွဲတွင် ရန်ပုံငွေ တီရှပ်များအပြင် ရန်ပုံငွေ အစားသောက်စျေးရောင်းပွဲကိုပါ ပူးတွဲ၍ ရံပုံငွေ မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရရှိထားသော ရန်ပုံငွေ အလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။