25 C
Yangon

ရေဖြူမြို့နယ်တွင် ရဲထောက်လှမ်းရေး ၁ ဦးနှင့် အငြိမ်းစား ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ရဲထောက်လှမ်းရေး ၁ ဦးနှင့် အငြိမ်းစား ရဲ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်း၌ နိုဝင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ရဲထောက်လှမ်းရေး တစ်ဦးဖြစ်သည့် လင်းအောင်ကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အလားတူ ရေဖြူမြို့နယ် ပုဂေါဇွန်းရွာနှင့် ဝက်ချောင်းရွာ အကြားတွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အငြိမ်းစား ရဲဝန်ထမ်း တင်ထွန်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ T-PDF ရဲဘော်များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်းနှင့် ဗိုက်တို့ကို သေနတ်ကျည် ၄ ချက် ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော တင်ထွန်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးခြင်း၊ ကိုယ်တိုင် လိုက်ပါလမ်းပြပေးခြင်း၊ စစ်တပ် ယာဥ်တန်းများကို PDF များ မိုင်းဆွဲရန် ပြင်ထားချိန်တွင်လည်းမိုင်းမီးကြိုးများ လိုက်ဖြတ် တောက်ခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း T-PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article