23 C
Yangon

ပေါက်မြို့နယ်၊ စသိန်းကျေးရွာကို မီးရှို့လာသော စစ်ကြောင်း နှင့် ဗဟင်းရွာကို မီးရှို့ဆုတ်ခွာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းကျေးရွာကို မီးရှို့လာသော စစ်ကြောင်းကို ယနေ့ နံနက်ပိုင်းတွင် PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး သေ ဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ် လင်္ကျာ ကပြောသည်။

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် စသိန်းကျေးရွာကို မီးရှို့ထွက်ခွာလာသော အင်အား ၁၀၀ကျော်ခန့်စစ်ကြောင်း သည် ညောင်ရင်းကျေးရွာသို့ ရောက်ရှိပြီး မီးရှို့ဖျက်ဆီးနေစဉ် အသင့်ထောင်ထား‌ောသ မိုင်း ၆ လုံးပွင့်ဖြင့် တိုက် ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထပ်မံ၍ စစ်သား ၁ ဦး က နင်းမိုင်းမိ၍ လဲကျသွားပြီး ကားပေါ် ဆွဲတင်သွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀မိနစ်အချိန် စစ်သားများသည် ညောင် ရင်း ကျေးရွာမြောက်ဘက်သို့ ထွက်ခွာလာရာ အသင့်စောင့် ဆိုင်း နေသော PDF တပ်များက ပစ်ခတ်တိုက်ခိုက်ရာ စစ်သားသေဆုံးမှု မသိရှိရ သော်လည်း စစ်သား ၄ ဦး လဲကျသည်ကို မြင်တွေ့ရကြောင်း၊ တိုက်ပွဲသည် ၁နာရီနီးပါး ကြာ မြင့်ခဲ့ပြီး တိုက်ပွဲတွင် မြိုင်ပကဖရင်း(၁)၊ မြွေပွေးပြောက်ကျားအဖွဲ့ (ပေါက်) ၊ တိမ်လွှာမုတ်ဆိတ်အဖွဲ့ ၊ PKU မြို့ပြပျောက်ကျားတပ်ဖွဲ့ ၊ YDF မှ တပ်စိတ် ၂ စိတ်၊ တောင်ညိုနဂါးတပ်ဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့ များ၊ မြိုင်၊ ပေါက် ၊ပုလဲ၊ ဂန့်ဂေါ၊ ယောစသည့်မဟာမိတ်တပ်ပေါင်းစုများက ဝိုင်းဝန်း တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မြိုင်မြို့နယ် ဗဟင်းရဲစခန်းနှင့် ကျေး ရွာ မှ နေအိမ်များကို မီးရှို့ပြီး ဆုတ် ခွာလာသော စစ်ကြောင်းကို လာ ရောက် ခေါ်ဆောင်သော စစ်တပ်ကို မြိုင်မြို့ အနောက်ဘက် ၄ ဖာလုံခန့်အကွာ ကြောင် ကန်ကျေးရွာအရောက်တွင် ပေပါမိုင်း၂လုံး၊ ရှေ့ထွက်ပြောင်း ၆လုံး ဖြင့် တိုက် ခိုက်ရာ လာကြိုသောစစ်ကားမှာ မိုင်းထိ၍မောင်းနှင်မရတော့ဘဲ စစ်ကြောင်းများ သေဆုံးထိခိုက်ဒဏ်ရာများရှိကြောင်း၊ စစ်သားနှင့်ရဲများ၏ ဇနီးများမှာ ကြောက် လန့်အော်ဟစ်ထွက်ပြေးကြကြောင်း၊ စစ်ကြောင်းက အနီးအနားရှိ ကြောင် ကန် ကျေးရွာကို ယနေ့ ညနေ ၅နာရီ ၄၀ မိနစ်တွင် မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိ ရသည်။

“စုစုပေါင်း စစ်ခွေး ၁၂ ဦးသေပါတယ်။ အများအပြားဒဏ်ရာရပါတယ်” ဟု ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article