23 C
Yangon

စမ်းချောင်း၊ ဗဟိုလမ်း ၊ မြိတ်ကတ်ကြေးကိုက်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပြီး လူတစ်ဦး ဒဏ်ရာအပြင်းအထန်ရ ၊ အသက်ရှင်ရန် အခွင့်အလမ်းနည်းပါး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း ၊ မြိတ်ကတ်ကြေးကိုက်ဆိုင်တွင် ယနေ့ ညပိုင်း ပေါက်ကွဲမှုဖြစ်ပြီး စမ်းချောင်းဒေသခံတစ်ဦး ခြေထောက်ပြတ် ဒဏ်ရာအပြင်းအထန်ရရှိကာ အသက်အန္တရာယ်အလွန်စိုးရိမ်ရကြောင်း စမ်း ချောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် စမ်းချောင်းမြို့နယ်၊ ဗဟို လမ်း၊ ဂွစျေးအနီးတွင် လမ်းဘေးတွင် ဖွင့်လှစ်ထားသော မြိတ်ကတ်ကြေးကိုက် စားသောက်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ဆိုင်တွင် စားသောက်နေသူ အမျိုးသား ၁ ဦး ခြေထောက်ပြတ်ဒဏ်ရာ၊ တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။

“ပေါက်ကွဲမှုက အသံကျယ်တယ်။ ထိထားတဲ့သူကတော့ အသက်ရှင်ဖို့ နည်း မယ်။ ခြေထောက်ပြတ်နေတယ်။ နောက်ပြီး တစ်ကိုယ်လုံး အစတွေ စင်ပြီး ဒဏ်ရာ တွေနဲ့ သွေးတွေလည်း အိုင်ထွန်းနေတယ်။ သေဖို့ များပါတယ်။ ဆေးရုံ ကားနဲ့တင်သွားတယ်။ ပေါက်ကွဲမှုဖြစ်တာက ညနေဘက်ဆိုရင် ကျောင်းအုတ် နံရံကို မှီပြီး ဆိုင်လေးတွေ ဖွင့်တယ်။ အကင်ဆိုင်၊ မြိတ်ကတ်ကြေးကိုက်ဆိုင် အဲဒီလိုဆိုင်လေးတွေ..။ ညနေဆိုရင် လမ်းလျှောက်ပြီး လာစားကြတာမျိုး.။ ထိသွားတဲ့သူကလည်း စမ်းချောင်းထဲကပဲ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်တပ်က ပေါက်ကွဲမှု နေရာသို့ လာရောက် လမ်းပိတ် စစ်ဆေး မှုများ လုပ်ဆောင်ပြီး မိနစ် ၂၀ ခန့်အကြာတွင် ပြန် လည်ထွက်ခွာသွားကြောင်း၊ ပေါက်ကွဲမှုကြောင့် လမ်းဘေးဆိုင်များ ပိတ်သိမ်းသွားကြောင်း၊ ညပိုင်း ဧည့်စာ ရင်း စစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုကြကြောင်း သိရှိရသည်။

ဓာတ်ပုံ-ပေါက်ကွဲမှု ဖြစ်အပြီး လူနာတင်ကားရောက်ရှိလာစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article