ရန်ကုန်၊ နိုဝင်ဘာ ၂၄
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စသိန်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက် ဆီးမှု နေအိမ် ၂၄၁ လုံး ပြာကျခဲ့ကြောင်း ပေါက်မြို့နယ် မြောက်ပိုင်း ကျေး လက်ဒေသ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စသိန်းရွာကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၂၄၁ လုံးပြာ ကျခဲ့ပြီး စစ်သားများက ဘုရားဆင်းတုတော်များပါ ဖျက်သွားကြောင်း၊ ဂွေးဂုံရွာ ကိုလည်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၄ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
“စသိန်းရွာမှာ အိမ်ခြေက ၄၀၀ နီးပါလောက်ရှိတယ်။ စစ်ခွေးတွေ မီးရှို့လို့ အိမ် ခြေ ၂၄၁ လုံး ပြာကျသွားတယ်။ ဘာပစ္စည်းမှ ပြန်မရအောင်ကို မီးတင်ရှို့တာ ဘုရား ဆင်းတုတော် တွေလည်း ဖျက်ဆီးခံရတယ်။ ဂွေးဂုံရွာမှာတော့ နေအိမ် ၄ လုံးကျသွားတယ်” ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။