25 C
Yangon

အရာတော်၊ နမသင်းကျေးရွာမှ အသက် ၈၀ ကျော်အရွယ် အဘွားအို ဒေါ်ဌေးကို စစ်တပ် က မီးရှို့သတ်ဖြတ်၊ ခင်ဦး၊ မြင်းဒေါင်းကျေးရွာကိုလည်း မီးတင်ရှို့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နမသင်းကျေးရွာကို စစ်တပ်က ယနေ့ နံနက် ပိုင်း မီးတင်ရှို့ရာတွင် အသက် ၈၀ ကျော်အရွယ်‌‌ ဒေါ်ဌေးကိုပါ အိမ်ထဲ တွင် ပိတ်၍ မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ဒီမနက် နမသင်းရွာကို မီးရှို့ ရာမှာ စစ်ခွေးတွေက မြေပြင်မှာ ခြေတရွတ်တွန်း သွားနေရတဲ့ ခြေထောက်ကျိုးနေသူ အသက် ၈၀ ကျော် အဘွားအို ဒေါ်ဌေး ကို ပါ မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ ရွာအရှေ့ပိုင်းက အိမ်တွေ အကုန်ကုန်တာပဲ။ ခွေး တွေက မီးရှို့ ပစ်လိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အရာတော်မြို့နယ် ၊ နမသင်းကျေးရွာမှ စာသင်ကျောင်း ဆောင် နှင့် ကျေးရွာ အတွင်းရှိ နေအိမ်များကို ယနေ့ နိုဝင် ဘာ၂၅ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်တပ် က မီးတင်ရှို့ခဲ့ကြောင်း ၊စစ်တပ်က မီးရှို့ခဲ့သော အရာတော်မြို့နယ်၊ နမ သင်းကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော် ရှိပြီး စစ်တပ်နှင့်ပျူစောထီးများက ကျေး ရွာ အတွင်းတွင် နေအိမ်များကို ဖောက်ထွင်း လုယက်ခြင်း၊ မီးရှို့ခြင်း များ လုပ်ဆောင်သွားကြသည်ဟု သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်၊ ခင်ဦး မြို့ နယ်၊ မြင်းဒေါင်းကျေးရွာကိုလည်း စစ် တပ်က မီးတင်ရှို့နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“သာဝတ္ထိ မှလာတဲ့ ခွေးစစ်ကြောင်းနဲ့ စစ်ခွေးတသိုက် မြင်းဒေါင်းကျေးရွာကို မီးတင်ရှို့နေပါတယ်။ မြင်းဒေါင်းရွာက စစ်ခွေးတပ်စွဲတဲ့ ရွာသစ်ကုန်း နဲ့မူး တိမ် ချောင်းတံတားအကြားမှာ ရှိနေတာပါ။ အဲဒီတော့ အဲဒီရွာမှာ ပြည်သူ တွေ က မ နေ ရဲဘဲ စစ်ဘေးရှောင်နေရတာကြာပါပြီ။ အခုတော့ မီးဝင်ရှို့တာ” ဟု ခင်ဦး PDF သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ စစ်တပ်က မီးတင်ရှို့နေသော မြင်းဒေါင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကျေးရွာအဆင့် အထက် တန်း ကျောင်းပါ ဖွင့်လှစ်ထားနိုင်သည့် ရွာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာကို စစ်တပ်က ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် မီးတင်ရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article