25 C
Yangon

ပဲခူး၊ ခမရ ၅၉၈ တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ပဲခူးတိုင်း၊ ဇလုပ်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် ခမရ ၅၉၈ တပ်ကို ပြည်သူ့ ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ကြောင်း kyaikhto revolution and information network အဖွဲ့က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် အစောပိုင်းတွင် Nighthawks တပ်ဖွဲ့မှ ခမရ ၅၉၈ တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှု အတွင်း တပ်အတွင်းရှိ လက်နက်တိုက် အပါအဝင် ဗဟိုကင်း၊ အရာရှိ လူပျို ဆောင်နှင့် စစ်သည် အမျိုးသမီး အဆောင်တို့ ပျက်စီးခဲ့ကြောင်း၊ ကင်းကတုတ် ကျင်းများလည်း ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ အခု နောက်ပိုင်း ဒီကောင်တွေ သေ ရင် အပြင်ကို သတင်းသိပ်မထွက်ဘူး။ နှစ်ဖက်တိုက်ပွဲနေရာမဟုတ်ဘဲ တပ် တွင်း ကို တိုက်ခိုက်တာဆိုတော့ အသအပျောက် အတည် မပြုနိုင် သေး ဘူးလို့ သိရတယ်” kyaikhto revolution and information network အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Nighthawks Drone တပ်ဖွဲ့သည် နယ်မြေခံ KNLA တပ်ဖွဲ့၊ ကျိုက်ထို တော် လှန် ရေးအင်အားစု KRF နှင့် ပူးပေါင်းကာ တိုက်ပွဲ ဖော်ဆောင်နေသော အဖွဲ့အစည်းသည်။

ထို့ပြင်ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်း-မုံရွာ လမ်းပိုင်း၊ စစ်ကိုင်း မြို့ ဘက် မှ မုံရွာမြို့သို့ ထွက်ခွာ လာသော စစ် ယာဥ်တန်းများကို PDF တပ်များက ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက် စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ ထွက် ခွာလာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်း ၁၀ စီးကို နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် နတ်ခရိုင်နှင့် လယ်ကြီးရွာ အကြားတွင် ပထမ အကြိမ် ပဒေသာ မိုင်း ၁၉ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေ ဆုံး ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တန်း ဆက်လက် ထွက်ခွာလာစဥ် ထီးဆောင်းနှင့် ကံပြားရွာ အကြားတွင် ရှေ့ထွက်မိုင်း ၅ လုံး ပဒေသာမိုင်း ၈ လုံးဖြင့် ဒုတိယအကြိမ် ဆက်လက် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ G4G PDF၊ SDRF အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်တပ် တပ်ရင်း ၁ ခု၏ ဝင်ပေါက်။ (ပုံအဟောင်း ဖြစ် သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article