25.6 C
Yangon

အမြဲပြတ်နေသည့် လျှပ်စစ်မီးကို ချွေတာရန် ၊ ရေနှင့် စက်သုံးဆီ သုံးစွဲမှု လျှော့ချရန် အကြမ်းဖက် မင်းအောင်လှိုင် ညွှန်ကြားပြန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

လက်ရှိ မြန်မာနိုင်ငံတွင် ပုံမှန်မရဘဲ မကြာခဏ ဆိုသလို ပြတ်တောက်နေ၍ ပြည်သူများ ဒုက္ခရောက် နေသည့် လျှပ်စစ်မီးကို ချွေတာကြရန်၊ ရေကို ချွေတာကြရန်နှင့် စက်သုံးဆီကို ချွေတာရေး လုပ် ဆောင် မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေး တွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုခြင်းဖြစ်သည်။

အကြမ်းဖက်မင်းအောင်လှိုင်က ချွေတာသုံးစွဲရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးတွင် ရေသည် အဓိကကျ သည့်အတွက် ရေသုံးစွဲမှုကို စနစ်ကျရေးနှင့် ဆည်ရေနှင့် မြစ်ရေကိုလည်း ချွေတာကြရန် ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လိုအပ်ချက် ကြီးမားလာနိုင်၍ အလေ အလွင့် ဖြစ် စေမည့် ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုသည်ဟု ဆိုသည်။

စက်သုံးဆီ သုံးစွဲမှုကိုလည်း လျှော့ချကြစေလိုပြီး ကမ္ဘာတစ်ဝန်း စက်သုံးဆီစျေးနှုန်းများ ကြီးမြင့် နေ ကြောင်း၊ စက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် ကုန်ကျမည့် ငွေကြေးအရင်းအနှီး များပြားကြောင်း၊ တစ်ဦး ချင်း စက်သုံးဆီသုံးစွဲမှုကို အသိ စိတ် ဖြင့် လျှော့ချမည်ဆိုလျှင် နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှု လျှော့ချ လာနိုင်မည်ဟု ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အားဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်ရထားများကို အကောင်အထည်ဖော်မည်ဟု မကြာခဏ ထုတ် ဖော်ပြောဆိုနေပြီး ယခုလည်း ထပ်မံ၍ ၎င်း၏ အိပ်မက်ကို ယမန်နေ့ စစ်ကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article