ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၄
ကလေးမြို့နယ်တောင်ဘက် နတ်ချောင်းနှင့် နတ်မြောင်းရွာများတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးနေသူများကို ဖေဖေါ်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကလေးပြည်သူ့ရဲတပ်ဖွဲ့ KSP၊ PDF-Kalay၊ နတ်မြောင်း ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ချောင်းကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဝင်ရောက်ဖမ်းဆီးရာ ရောင်းချသူ ၄ ဦး၊ သုံးစွဲသူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားရှိပြီး ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း PDF -Kalay က သတင်းထုတ်ပြန်သည်။







