35 C
Yangon

နတ်ချောင်း၊ နတ်မြောင်း ကျေးရွာများတွင် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများကို ကလေးပြည်သူ့ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးထိန်းသိမ်း

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၄

ကလေးမြို့နယ်တောင်ဘက် နတ်ချောင်းနှင့် နတ်မြောင်းရွာများတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးနေသူများကို ဖေဖေါ်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကလေးပြည်သူ့ရဲတပ်ဖွဲ့ KSP၊ PDF-Kalay၊ နတ်မြောင်း ကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့၊ နတ်ချောင်းကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဝင်ရောက်ဖမ်းဆီးရာ ရောင်းချသူ ၄ ဦး၊ သုံးစွဲသူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားရှိပြီး ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း PDF -Kalay က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article