27 C
Yangon

သပိတ်ကျင်းတွင် စစ်တပ်ကို ဆက်ကြေးပေးပြီး မူးယစ်ဆေးဝါး ရောင်းချနေသူ ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး၊ သတိပေးပြီး ပြန်လွှတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ မိုင်းဒိုင်အုပ်စုတွင် အကြမ်းဖက် စစ်တပ်ကို ဆက်ကြေးပေးပြီး မူးယစ်ဆေးရောင်းနေသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကြာညှပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့၌ မိုင်းဒိုင်ကျေးရွာအုပ်စုအတွင်း အကြမ်းဖက် စစ်တပ်ကို ဆက်ကြေးပေးပြီး မူးယစ်ဆေးရောင်းနေသူ ၂ ဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း၊ WY စာတန်းပါ မူးယစ်ဆေးပြား ၉၀၅ ပြား၊ အကြမ်းဖက် စစ်တပ်၏ စစ်အင်္ကျီ ၁ ထည်၊ ငွေကြေး တချို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးရောင်းဝယ်ခြင်း ဆက်လက်မပြုလုပ်ရန် သတိပေးပြောဆိုပြီး ပြန်လွှတ်ပေးခဲ​့ကြောင်း သိရသည်။

“ပြည်သူတွေ သတင်းပေးတိုင်ကြားလို့ သွားရောက် ရှာဖွေဖမ်းဆီးမိခဲ့တာပါ။ စစ်တပ်ကို ဆက်ကြေးပေးပြီး ရောင်းချနေတဲ့သူတွေပါ။ သူတို့ ၂ ဦးဆီကလည်း စစ်ခွေး အင်္ကျီ တစ်ထည် သိမ်းဆည်းရမိတယ်။ စစ်ခွေးတွေ ပေးထားတဲ့ အင်္ကျီလို့သိရပါတယ်။ သိမ်းဆည်းရမိတာတွေ အကုန်လုံးကို မီးရှို့ဖျက်ဆီးလိုက်တယ်။ မူးယစ်ဆေး ဆက်မရောင်းဖို့ သတိပေးပြီး ပြန်လွှတ်ပေး လိုက်တယ်” ဟု ကြာညှပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်စိုးကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ မူးယစ်ဆေး သယ်ဆောင်လာသူ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်နှင့် မိုင်းဒိုင်းအုပ်စု ပကဖလျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article