ရန်ကုန်၊ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာ ကွယ် ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးခန့်သေဆုံးခဲ့ကြောင်း wetlet informational network အဖွဲ့မှ ဗိုလ်မြေသြဇာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက် မြို့ အတွင်းမှ အင်အား ၇၀ ကျော်ခန့်ဖြင့် တိုက်ကုန်းရွာ အတွင်းသို့ ဝင်ရောက် လာပြီး ကျေးရွာနေ ပြည်သူ ကိုကျော်ထက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ကျေးရွာ အတွင်းမှ ထွက်ခွာလာစဥ် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဗုံးသီးချ တိုက်ခိုက်ခြင်း၊ခြုံခို တိုက်ခိုက်ခြင်းကြောင့် စစ်သား ၈ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။
” ကျွန်တော် သိရတဲ့ ခန့်မှန်း သေတာ စာရင်းကတော့ ၈ ကောင်ခန့် လောက်ပဲ ဘာလို့လဲ ဆိုတော့ Drone နဲ့ ချတာကလည်း သေတယ်။ အပြန်အလှန် ပစ်တာ ကလည်း သေတယ်။ အခု အဲဒီ လူသတ် မီးရှို့တဲ့ စစ်ခွေး စစ်ကြောင်းက သား နားရွာမှာ တပ်စွဲထားတယ်” ဟု wetlet informational network အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မြေသြဇာက ပြောဆိုသည်။