26.4 C
Yangon

တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး နမ့်စန် လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိလာသော သတင်း ခေတ်သစ်ထံပေါက်ကြားမှု လေတပ်အရာရှိများ စစ်ဆေးခံနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

အကြမ်းဖက်စစ်တပ်က ဝယ်ယူထားသော တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ရောက်ရှိလာသော သတင်းကို ရန်ကုန်ခေတ်သစ်ခေတ်သစ်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြခဲ့ရာ အဆိုပါ သတင်းပေါက်ကြားမှု အ တွက် နမ့်စန်လေတပ်စခန်းမှ လေတပ် အရာရှိများ စစ်ဆေးခံနေရကြောင်း ရန်ကုန်ခေတ်သစ်၏ လေတပ် သတင်းရင်းမြစ်က ပြောသည်။

တရုတ်နိုင်ငံလုပ် FTC 2000 G တိုက်လေယာဉ် ၆ စီးသည် နိုဝင်ဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန်လေတပ်စခန်းဌာနချုပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

” သတင်းပေါက်ကြားလို့ နေပြည်တော် ကာချုပ်ရုံး(လေ)က နမ့်စန်လေတပ်စခန်းဌာနချုပ်မှူးကို ထောင်းတယ်။ တစ်ခါ နမ့်စန်လေတပ်စခန်းဌာနချုပ်မှူးက လေတပ်အရာရှိတွေကို ခေါ်ပြီး စစ်တယ်၊ ဆေးတယ်။ ဘယ်လိုဖြစ်သလဲ ခေါ်မေးတယ်။ အစစ်ခံရသူတွေကတော့ သတင်းပေါက်ကြားတာ သူတို့မသိပါဘူးလို့ဖြေတယ်။ ဖုန်းတွေ စစ်တော့လည်း ဘာမှ မတွေ့ဘူး။ ဘဲဥအစရှာမရသလိုဖြစ်နေတယ်။ ခေါ်ယူသတိပေးတဲ့ အဆင့်တော့ဖြစ်သွားတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

နမ့်စမ်လေတပ်စခန်းဌာနချုပ်တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံလုပ် FTC 2000 G တိုက်လေယာဉ် ၆ စီးသည် ယခုရက်ပိုင်းအတွင်း လေ့ကျင့်ပျံသန်းမှုများ မကြာခဏဆိုသလိုပြုလုပ်နေပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ လေတပ် နှစ်ပတ် လည်နေ့တွင် တပ်တော်ဝင် အခမ်းအနားဖြင့် ထုတ်ပြဖွယ်ရှိသည်ဟု သိရှိရသည်။

မြန်မာလေတပ်က တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစား ၂ ယောက်မောင်း Fighter လေယာဉ် ၆ စီးကို မှာယူခဲ့ကြောင်း၊ ယင်းလေယာဉ် များကို တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေ ဆိပ်မှ နမ့်စန် လေတပ်စခန်းဌာနချုပ်ထံသို့ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့် တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ၂ ကြိမ် လေယာဉ် ၆ စီး ပျံသန်း ရောက်ရှိ လာခဲ့ ခြင်း ဖြစ်ကြောင်း၊ တရုတ် လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တရုတ် FTC 2000 G လေယာဉ်တစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article