27.5 C
Yangon

ပေါက်မြို့နယ်၊ အောင်စည်သာကျေးရွာကို စစ်တပ်နှင့်ပျူစောထီး ပူးပေါင်း အဖွဲ့ က မီးရှို့ဖျက်ဆီးမှု အိမ်ခြေ ၅၆ လုံး ပြာကျ၊ ကျွဲ၊ နွားနှင့်ဝက်များ မီး လောင် သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အောင်စည်သာကျေးရွာကို စစ်တပ်နှင့် ပျူစောထီး များ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၅၆ လုံးပြာကျသွားပြီး ဝက်၊ကျွဲ၊ နွားများလည်း မီးလောင် သေဆုံးခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ မှ ဗိုလ်လင်္ကျာက ပြောကြားသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၇ မိနစ်အချိန် ပေါက်မြို့နယ်၊ဇီးပြားရဲ စခန်းနှင့် စာသင်ကျောင်းတွင် စစ်သင် တန်း တက်ရောက်နေကြသည့် ဇီးပြား ကျေးရွာ၊ သရော်ကိုင်းကျေးရွာမှ ပျူစောထီးများနှင့်စစ်သားများက တိုက်ပွဲ ဖြစ် ပွားခြင်းမရှိဘဲ အောင်စည်သာကျေးရွာကို အကြောင်းမဲ့ ဝင်ရောက် ဖျက် ဆီး မီးတင်ရှို့ကြကြောင်း၊ မီးရှို့မှုကြောင့် အိမ်ခြေ ၅၆ လုံးအပြင် အိမ်မွေး တိရိစ္ဆာန် ကျွဲ၊ နွားဝက်များပါ မီးလောင် သေဆုံးကြောင်း သိရှိရသည်။

“ပျူစောထီးနဲ့ စစ်တပ်ကို မြိုင်ပကဖအနေနဲ့ ဒေသမရွေး လိုက် လံတိုက် ခိုက် သွားမှာဖြစ်လို့ နီးစပ်ရာကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လိုအပ် တဲ့ အကူ အညီ တွေ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ညှိနှိုင်းအကြောင်းကြားပါတယ်”ဟု မြိုင်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပေါက်မြို့နယ် ဇီးပြား ရဲစ ခန်း ၌ ပျူစောထီးများကို သင်တန်းပေးနေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၅ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ အဆိုပါဒဏ်ရာရ ပျူစောထီးများကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာ ရောက် ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article