ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်မြို့တော်မှာရှိတဲ့ မြို့နယ်အများစုမှာ ဒီနေ့ ညနေပိုင်း မီးခိုးလိုလို မြူခိုး လိုလို နေရာတိုင်းမှာ ဖြစ်ပေါ်နေပါတယ်။
ကြုံတောင့်ကြုံခဲ ဒီလို အခြေအနေက ရန်ကုန်ရဲ့ လေထုညစ်ညစ်မှုလား၊ ရာသီ ဥတုကြောင့် မြူခိုးတွေ ဝေတာလား ဆိုတာ မြို့ခံတွေက မေးခွန်းထုတ် နေကြ ပါတယ်။
“ကြည့်မြင်တိုင် စမ်းချောင်း နဲ့ကမာရွတ် ဆင်မလိုက်အဝေးပြေးဝန်းကျင်မှာ မီး ခိုး လိုလိုမြူလိုလိုအငွေ့ တွေနဲ့ မှိုင်းဝေနေတာပဲ။ ခြင်ဆေးဖျန်းထားသလို မီး လောင်နေသလိုကြီးပဲ” လို့ ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။
ဓာတ်ပုံ- ယနေ့ ညနေပိုင်း ရန်ကုန်မြို့မှ မီးခိုးများ ဝေနေသည့် ညနေခင်း။
Photo-CJ