29 C
Yangon

ဖလမ်း၊ ခလရ ၂၆၈ တပ်ကို ရိက္ခာပို့ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ CNDF ထောင်ထားသော မိုင်းမိပြီး ၃ ဦးခန့်သေဆုံး၊ ကိုးကန့်ဒေသတွင်လည်း တိုက်ပွဲပြင်းထန်ပြီး စစ်သား ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်းကို ရိက္ခာပို့ပြီးပြန်လာသော စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့သည် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ထောင်ထားသော မိုင်းမိပြီး ၃ ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CNO/CNDF က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့သည် တောလမ်းမှ လာစဉ် CNDF ထောင်ထားသော မိုင်းပဒေသာတွဲလုံး ၂၀ လုံး နင်းမိပြီး ၃ ဦးခန့်သေဆုံးနိုင်ကာ အများအပြား ဒဏ်ရာရသွားကြောင်း သိရှိရသည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် လှာန်ဇောလ်ကျေးရွာသားများ တောင်ယာအတွင်း ဖွက်ထားခဲ့သည့် ငွေကျပ် သိန်း ၁၆၀ ကျော်နှင့် လမ်းတလျှောက် ကျေးရွာများမှ အိမ်မွေးတိရစ္ဆာန်များကို ခိုးယူသွားကြပြီး ထင်းရှူးစခန်းအနီးရှိ ပြည်သူများမွေးမြူထားသော ငါးကန်ကိုလည်း ဖျက်စီးသွဦးကြောင်း CNO/CNDF ထံမှ သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ ကိုးကန့် အထူးဒေသ ၁၊ မူပန် (သိန္နီ) ခရိုင်၊ လုံဂျီအရှေ့ခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် MNDAA တပ်မဟာ ၂၁၁ ကြား ဖေဖေါ်ဝါရီလ ၁၃ ရက် ည ၈ နာရီ ၂၉ မိနစ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးခဲ့ကာ MNDAA မှ ၁ ဦး ကျဆုံး ၁ ဦး ဒဏ်ရာရကြောင်း ကိုးကန့်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယင်းနောက် ဖေဖေါ်ဝါရီလ ၁၃ ရက်ညနှင့် ၁၄ ရက် နံနက်တွင် စစ်ကောင်စီတပ် လေကြောင်းမှ MNDAA တပ်မဟာ ၂၁၁ စခန်းများကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းနှင့် MNDAA ထိန်းချုပ်နယ်မြေ မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်ကုန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article