30 C
Yangon

မင်းအောင်လှိုင် ပြင်ဦးလွင်ရောက်ရှိနေချိန် မေမြို့အတက်လမ်းတွင် စစ်ကား ၁ စီး မိုင်းခွဲခံရ ၊ ပုလောတွင် စစ်စခန်းကို PDF ဝင်တိုက်မှု စစ်သား ၇ ဦး သေ ဆုံး ကာ သေနတ် ၁ လက်ရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

မန္တလေးမြို့အထွက် ပြင်ဦးလွင် အတက်လမ်း ပုသိမ်ကြီးမြို့နယ် သမ္မတောရွာ နှင့် သန့်စင်ကုန်းရွာကြား အောင်ပင် လယ် တိုးဂိတ်အနီးတွင်ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် ၂နာရီ ၅၀ မိနစ်အချိန် စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲ ခဲ့ကြောင်း NGU:FF ( MDY ) က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄ တုန်းက ကျဆုံးသွားတဲ့တပ်ခွဲမှူး ကိုကျော်နဲ့ တပ် စိတ် မှူးရဲရဲတို့ ကျဆုံးမှု ၁နှစ်ပြည့်အတွက်လက်တုံ့ပြန် တိုက်ခိုက်တာပါ။ စစ် ခွေးတွေရဲ့ အထိအခိုက် အကျအဆုံးတော့မသိရသေးဘူး” ဟု NGU:FF ( MDY ) တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မိုင်းခွဲခံရပြီး အကြမ်းဖက် စစ်ကောင်စီကားသည် နေရာတွင် ထိုးရပ်သွား ကြောင်း ၊ တော်လှန်ရေး ရဲဘော်များထိခိုက် ကျဆုံးမှုမရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားရွာရှိ စစ်ကောင်စီ စခန်း ငယ် တစ်ခုကို PDF တပ်ဖွဲ့များ စီး နင်း သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရ သည်။

ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပုလောမြို့နယ်၊ ထမင်းမစားရွာ ရှိ စစ်ကောင်စီ စခန်းငယ် PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေနတ် ၁ လက်၊ ကျည်အိမ် ၅ ခုတို့လည်း ပြည်သူ့ကာကွယ်ရေးပူး ပေါင်း တပ်ဖွဲ့များမှ သိမ်းဆည်းရမိလာခဲ့​ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း(၁)၊ ပုလောကရင် (KPDF)နှင့် မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ထား သည်။

ဓာတ်ပုံ- ပုလောတွင် သိမ်းဆည်းရမိသည့် အကြမ်းဖက်စစ်ကောင်စီ၏ သေ နတ် ၁ လက်နှင့်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article