30 C
Yangon

ဒီပဲယင်း၊ နများနှင့် ယဉ်ကျေးကျေးရွာကို စစ်တပ်က မီးတင်ရှို့၊ ညောင်လှ နှင့် ကံကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်း၊ ထွေ/အုပ်ရုံး အပါအဝင် အဆောက်အအုံ ၆၅ လုံး ပျက်စီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နများနှင့် ယဉ်ကျေးကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မီးတင်ရှို့လျက် ရှိကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဒီပဲယင်းမြို့နယ်၊ နများနှင့် ယဉ်ကျေးရွာ မြောက်ပိုင်းသို့ စစ်ကြောင်းက ဝင်ရောက်လာပြီး အကြောင်းမဲ့ မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရပြီး ရွာနားပင်ကပ်မရတော့ကြောင်း သိရှိရသည်။

“မနေ့က ညောင်လှနဲ့ကံကုန်းကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းက ဒီမနက်မှာ နများရွာ နဲ့ ယဉ်ကျေးကို မီးရှို့တယ်။ ရွာထိပ်မှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီးမှ ရွာတွေ ထဲကိုဝင်တာ။ ယဉ်ကျေးမြောက်ပိုင်းကို မီးစရှို့တာက ဒီမနက် ၁၀ နာရီ ၃၀ မိနစ်မှာ စရှို့တာ။ အခုဘယ်သူမှ အနားမကပ်နိုင်သေးဘူး။ အားလုံးပြေး နေရ တယ်။ အခု စစ်ခွေးတွေက မူးရိုးကုန်းရွာဘက်ကို သွားနေကြတယ်” ဟု ဒေသ ပြည်သူတစ်ဦးက အခြေအနေကို ရှင်းပြသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ဒီပဲယင်းမြို့ နယ်၊ညောင်လှစံပြကျေးရွာနှင့် ကံကုန်းကျေးရွာများကို မွန်းလွဲ ၂ နာရီ အချိန် မီးတင်ရှို့ခဲ့ရာတွင် ဘုန်းကြီး ကျောင်း ၊ သီလရှင်ကျောင်း၊ ဆက်သွယ်ရေးရုံး၊ ထွေအုပ်ရုံး၊ဆည်မြောင်းရုံး အပါအဝင် နေအိမ်များ၊ အဆောက်အအုံ ၆၅လုံး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

” ညောင်လှရွာကို စစ်ခွေးတွေက ဘုန်းကြီးကျောင်းပါ မကျန်ရှို့သွားတာ ကျောင်း ဆောင် ၂ ခု ပြာကျသွားတယ်။ လူနေအိမ်က အလုံး ၅၀ ကျော်လောက် ရှိတယ် ပြာကျသွားတာ ပထမအကြိမ် မီးရှို့ခံထားရလို့ ပြန်ဆောက်ထားတဲ့ တဲတွေလည်း မီးထဲပါသွားတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဧရာ၀တီမြစ်တစ်ဖက်ကမ်း ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာနှင့် မအူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ညောင်လှကျေးရွာ။ Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article