ရန်ကုန်၊ ဒီဇင်ဘာ ၉
မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်ခန့် ရာအိမ်မှူးနှင့် စစ်တပ် သတင်းပေးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၌ စစ်တပ်ခန့် ရာအိမ်မှူး မောင်မြင့်နှင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် မင်းကုန်းရွာရှိ စစ်တပ် သတင်းပေး ထွန်းထွန်းတို့ကို ကြာညှပ်အဖွဲ့က မင်းကုန်းရွာအနီး တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်း တကောင်း၊ ထီးချိုင့်ဘက်သို့ အင်အားပို့ဆောင်နေသော စစ်ကောင်စီ တပ်သား များ တင်ဆောင်လာသည့် လိုက်ထရက်ကား ၁ စီးကို ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဆယ်ဇင်းကုန်းရွာနှင့် မင်းကုန်းရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” မိုင်းဆွဲတိုက်ခိုက်တာတော့ စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု အခြေအနေ အတည်မပြုနိုင်သေးဘူး။ ရာအိမ်မှူးနဲ့ သတင်းပေးကိုတော့ ရှင်းလင်းနိုင်ခဲ့တယ်” သပိတ်ကျင်းမြို့နယ် ပကဖ ကြာညှပ်အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
Photo – ရာအိမ်မှူး မောင်မြင့်