25 C
Yangon

ကလေး၊ တန့်ဆည်နှင့် မြောင်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၁၁

စစ်ကိုင်းတိုင်း အတွင်းရှိ ကလေးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ကလေးတွင် မြောက်စည်းရဲစခန်းမှ ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းရွာရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် သား၊ ရဲများကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၆ နာရီခန့်က ခြုံခိုတိုက်ခိုက်ခဲ့ရာ (၃) ဦးသေဆုံးပြီး (၃) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF – KKG ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chinland Defence Force – Kalay Kabaw Gangaw တပ်ဖွဲ့ဝင်များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရသူများနှင့်အတူ စခန်းအတွင်း ပြန်ဆုတ် သွားပြီးနောက် တပ်ကူများနှင့်အတူ ထပ်မံရောက်ရှိလာရာ မိနစ် ၂၀ ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း CDF –KKG မှ ရဲဘော်များ အထိအခိုက်မရှိပဲ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို အခြေပြုရာဒေသနှင့် လှုပ်ရှားဧရိယာများ၌ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းများ အလိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း CDF –KKG ကထုတ်ပြန်ထားသည်။

တန့်ဆည်တွင် ကင်းလှည့်နေသာ စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဘေရင်းရွာသစ်တွင် ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ကင်းလှည့်နေစဉ် တိုက်မိုင်းမိပြီး (၃)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်မိုင်းများကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ ထောင်ထားခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တိုက်မိုင်းနှစ်ကြိမ်မိကာ စစ်သား တစ်ဦး၊ ပျူစောထီး နှစ် ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ ထံမှ သိရသည်။

မြောင်တွင် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Saw Bwar Gyi MPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖွားစောရွာ၌ အကြမ်းဖက် စစ်ကောင်စီဝင်များကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“Mytel မမတွေနဲ့ ပစ်တာပါဗျ။ ကျွန်တော်တို့အဖွဲ့က ဖောက်ခွဲရေးပါဗျ။ မဟာမိတ်အဖွဲ့တွေက လက် နက်နဲ့ ပစ်တာပါဗျ။ ဖြစ်ဖြစ်ချင်း ၅ ကောင်ထိတယ်။ နှစ်ကောင်သေတယ်ဗျ။ ထိခိုက်မှုရှိတဲ့ ငါးကောင်က ငရဲပြည်ကို ခြေတစ်လှမ်းလှမ်းနေတယ်ဗျ” ဟု Saw Bwar Gyi MPDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Saw Bwar Gyi MPDF နှင့် အတူ မြောင်မြို့နယ် ပြည်သူ့ကာကယ်ရေး (CDSOM)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး (TGR) ၊ ဗိုလ်မဲဒစ်အထူးပြောက်ကြားတပ်ဖွဲ့၊ Local တပ်ပေါင်းတို့ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article