ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မန္တလေးမြို့၊ နန်တွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ၏ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဗဟိုကင်းတိုက်ကို မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက နည်းပညာ အသုံးပြုကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း မန္တလေး၊ နန်းတွင်း၊ တိုင်းစစ်ဌာချုပ် ဗဟို ကင်း ကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များမှ နည်းပညာမြင့် တိုက်ခိုက်ရေး ပစ္စည်း ၃ ခုဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ထိခိုက် သေဆုံးနိုင်ပြီး အဆောက်အဦးများလည်း ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP ( Mandalay) ပြည်သူ့ ကာကွယ်ရေး မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (မန္တလေး)နှင့် SHAR HTOO WAW နည်းပညာတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ် ကောင် စီက သတင်းမပေါက်ကြားစေရန် ဖမ်းဆီးရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။