29 C
Yangon

ရွှေဘို၊ ကုလားမလက်ကောက်ကျကျေးရွာသို့ စစ်ကူလာသော စစ်ကောင်စီ ဆိုင်ကယ် ၆ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၅ ဦးအထက် သေဆုံးနိုင်(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမှ ကုလားမလက်ကောက်ကျေးရွာသို့ တပ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီခွဲတွင် နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Ghost Rider special task force (Mdy) တပ်ဖွဲ့က မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ဆိုင်ကယ် ၄ စီး ထိမှန်သွားကြောင်း စစ်သား ၅ ဦး အထက်သေဆုံးနိုင်ကြောင်း နတ်တောင်နဂါး PDF က သတင်းထုတ်ပြန်သည်။

အလားတူ ကုလားမလက်ကောက်ကျကျေးရွာ မြောက်ဘက်တွင် ဒေသခံပြည်သူများ၏ ကြံခင်းများကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော စစ်သားနှင့် ပျူစောထီး စုစုပေါင်း ၆ ဦးကို ရှေ့ထွက်မိုင်း သုံးလုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦး ထိမှန်သွားကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်အပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့သော်လည်း ဆိုင်ကယ် ၂ စီးနှင့် ဖုန်း ၁ လုံး ဆုံးရှုံးသွားကြောင်း နတ်တောင်နဂါးအဖွဲ့က သတင်းထုတ်ပြန်သည်။

Video credit – နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article