31 C
Yangon

အကြမ်းဖက် စစ်ကောင်စီ၏ သံချပ်ကာ အမြှောက်ကားဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသမီးတစ်ဦး၏ ခြေထောက်ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်

Must read

ရန်ကုန် ၊ဖေဖော်ဝါရီ ၁၇

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မိုးဗြဲမြို့ပေါ်သို့ သံချပ်ကာအမြှောက်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁ ဦး ခြေထောက်တွင် ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။

“မိုးဗြဲမြို့ စည်ကား-၁ ရပ်ကွက်က ပြည်သူ အမျိုးသမီးရဲ့ ခြေထောက်ကို ထိတယ်၊ ဒဏ်ရာပြင်းထန်တယ်၊ ပစ်ခတ်တာတွေက အခုအထိလည်း ဖြစ်နေတုန်းပဲ” ဟု ဒေသခံတဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်၊ ဘီလူးချောင်းဘေးတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများ၊ သံချပ်ကာအမြှောက်ကားများဖြင့် မိုးဗြဲမြို့ပေါ် လူနေရပ်ကွက်များအတွင်းသို့ ပြန်လည်ပစ်ခတ်နေခြင်းဖြစ်သည်။

မိုးဗြဲမြို့တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်းနှင့် ဒေသခံများအနေဖြင့် လုံခြုံရေးသတိရှိကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article