37 C
Yangon

နေပြည်တော်နှင့် စစ်ကိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်များ ပြည်သူများကို မတရားဖမ်းဆီး၊ ဖမ်းဆီးခံရသူများ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

နေပြည်တော် လယ်ဝေးမြို့ မြွေရိုးလေး စံပြကျေးရွာနေ ကိုစစ်ပိုင်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီဝင် ၃၀ ဦးခန့် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ကိုစစ်ပိုင်ဦးကို PDF ထောက်ပံ့သည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ကိုစစ်ပိုင်ဦးမှာ ဆိုင်ကယ်ပြင်သည့် အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနေ့ ညနေက ဖမ်းသွားတာပါ။ အင်္ကျီတောင် ဝတ်ခွင့်မပေးဘူး။ ကားပေါ်မှာ ရိုက်နှက်သွားတယ်။ ကားတွေက အိမ်စီးကားတွေနဲ့ လာဖမ်းတာပါ” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်အထိ ကိုစစ်ပိုင်ဦးမှာ မိသားဝင်များနှင့် အဆက်အသွယ်မရရှိကြောင်း သိရှိရသည်။

ထို့အတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ရွာရှည်(မ) ကျေးရွာနေ ကိုညွှန့်ဝင်းမောင် (ခ)ကိုဖိုးပြူး သည် ထန်းပင်ဆိပ်ကျေးရွာတွင် စစ်ဘေးရှောင်နေစဉ် ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကိုဖိုးပြူးက နိုင်ငံရေး စိတ်မဝင်စားဘူး ရိုးရိုးစစ်ဘေးရှောင်။ ကျန်းမာရေးလည်း မကောင်းဘူး ။ စစ်တပ်က ဖမ်းဆီးပြီး အခုအချိန်အထိ အဆက်အသွယ်မရဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article