30 C
Yangon

မော်လိုက်၊ ဝဲကသာကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်း မဲ့ ဝင်ရောက် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဝဲကသာရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က မော်လိုက်မြို့နယ်၊ ဝဲကသာရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝဲကသာ ကျေးရွာက နေအိမ်တွေကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ပြီး ရွာထဲကို ဝင်စီးတာပဲ ပြည်သူပိုင် နေအိမ်တွေလည်း မီးရှို့ ဖျက်ဆီးခံရတယ်။ အိမ် ဘယ်လောက် မီးရှို့ထားလဲဆိုတာ မသိရေသးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်ကောင်စီတပ်များက မော်လိုက်မြို့နယ်အတွင်း စစ်ကြောင်းများခွဲ၍ ကျေးရွာ များကို ဝင်ရောက်စီးနင်းခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ် များမှ အဖိုးတန်ပစ္စည်းများကို လုယက်ခြင်းများကို လုပ်ဆောင်နေ ကြောင်း၊ PDF များရှာဖွေသည်ဟုဆိုကာ စစ်ကြောင်းအလိုက် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသယ်ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ပြည်သူများမှာ စစ်တပ်၏ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article