ရန်ကုန်၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ၄၀ မမဖြင့် တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်တပ်က ဂန့်ဂေါနှင့်မြင်းခြံတွင် ဖမ်းဆီးခံ ပြည်သူ ၇ ဦးကို သတ်ဖြတ်ကာ အလောင်းများစွန့်ပစ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို ယနေ့ ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းက ၄၀ မမ ဖြင့် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးမိုး ကြိုးမုန်တိုင်း တပ်ဖွဲ့ထံမှ သိရသည်။
ကျေးရွာအတွင်း၌ အထိုင်ချတပ်စွဲထားပြီး ပြည်သူလူထုပိုင်နေအိမ်များအတွင်းရှိ ပစ္စည်းများကို ဖောက် ထွင်းခိုးယူ ရောင်းချ၊ စားသောက်ကာ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်နေသော စခန်းအတွင်းသို့ ပစ် ခတ်ခဲ့ရာ ၃ ချက်လုံး စခန်းအတွင်းကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သားများက ၁၅ မိနစ်ခန့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို လျှပ်စီးမိုးကြိုးမုန်တိုင်း တပ်ဖွဲ့မှ ဗိုလ်မိုးသီးအဖွဲ့နှင့်အတူ မြိ့နယ် ပကဖ ရဲဘော် များပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေကြောင်း သိရသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ပိတောက်ကုန်းရွာအနီးတွင် ဒီဇင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးသွားသော ပိတောက်ကုန်းရွာသား တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၀ တပ်က သတ်ဖြတ်ခဲ့ပြီး အ လောင်းကို လယ်တောအနီး ပစ်ထားခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့၌ တွေ့ရှိခဲ့ရကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။
အလားတူ ဒီဇင်ဘာလ ၉ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာသစ်ရွာနေ ပြည်သူ ၆ ဦး ကို တပ်မ ၈၈ ဖမ်းဆီးပြီး သတ်ဖြတ်ကာ အလောင်းနှစ်လောင်းစီ ၃ နေရာခွဲကာ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်း က စွန့်ပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလောင်းများကို မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်အစပ် ရွာကြီး အနောက်ဖက် သူကြီး ကန်ရွာအနီးတွင် ရွာသစ်ရွာသား ကိုအောင်နိုင်ဝင်းနှင့် ကိုဇော်နိုင်ဝင်းတို့ အလောင်း နှစ်လောင်းကို လည်းကောင်း၊ ကံရွာ(ခေါင်းကွဲ) မြောက်ဖက် တံတားသစ် အနီးတွင် လူငယ် အလောင်းနှစ်လောင်းကို လည်းကောင်း၊ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ် သင်ပြွန်းလမ်းခွဲအနီးတွင် ကျန်အမျိုးသား အလောင်းနှစ်လောင်းကိုလည်းကောင်း စွန့်ပစ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရ သည်။
အကြမ်းဖက်စီတပ်မ ၈၈ တပ်သားများသည် အလောင်းများကို စွန့်ပစ်ကာ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် ည ၁၁ နာရီခန့်က 4 Wheel ကားတစ်စီး၊ မှန်လုံးကာတစ်စီးဖြင့် မြင်းခြံမြို့နယ်မှ ထွက်ခွာသွား ကြောင်း သိရသည်။