Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၃၃ နှစ် ချမှတ်မှုအပေါ် အမေရိကန် နဲ့ ဥရောပသမဂ္ဂကနေ ရှုတ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ကနေ ဖယ်ထုတ်ဖို့ အတွက် စစ်တပ်က ကြိုးစားနေတာဖြစ်တယ်လို့ ဥရောသမဂ္ဂကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။
– ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားတဲ့ ကိုဗညားစိုးထက် နဲ့ ကိုစစ်ဇော်ကံ ဆိုသူ ၂ ဦးကို ထောင်ဒ ဏ် ၇၄ နှစ်၊ ကိုစိုင်းစည်သူကို ထောင်ဒဏ် ၄၄ နှစ်၊ မဆောင်းဟေသာကို ထောင်ဒဏ် ၂၄ နှစ် အပါအဝင် ကျောင်း သားလူငယ် ၅ ဦးကို အကြမ်းဖက် စစ်ကောင်စီက ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ် လိုက်တယ်လို့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဆီကနေ သိရပါတယ်။
-စစ်ကိုင်းတိုင်း၊ ကလေးမြို့ နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့လမ်းပိုင်းမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က စပြီး ၊ အကြမ်းဖက်စစ်ကောင်စီတပ်က ထုတ်ကုန်ပစ္စည်းတွေကို သယ်ဆောင်ခြင်း ရှိ၊ မရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကနေ စစ်ဆေးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။