29 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုခဲ့သူ၊ နွေဦးတော်လှန် ရေးကို လှောင်ပြောင်ခဲ့သော ခလရ ၁ မှ ဗိုလ်ကြီးနေမျိုးသူနှင့် တပ်ကြပ်ကြီး ဌေးဝင်း ရေချိုးရန် သွားစဉ် လက်နက်ကြီး တည့်တည့်ကျ၍ ထိမှန်သေဆုံး

Must read

ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုခဲ့သူ၊ နွေဦးတော်လှန် ရေးကို လှောင်ပြောင်ခဲ့သော ခလရ ၁ မှ ဗိုလ်ကြီးနေမျိုးသူနှင့် တပ်ကြပ်ကြီး ဌေးဝင်း ရေချိုးရန် သွားစဉ် လက်နက်ကြီး တည့်တည့်ကျ၍ ထိမှန်သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုခဲ့သူ၊ နွေဦးတော်လှန် ရေး ကို လှောင်ပြောခဲ့သော ခလရ ၁ မှ ဗိုလ်ကြီးနေမျိုးသူနှင့် တပ်ကြပ်ကြီး ဌေးဝင်းတို့သည် ကရင်နီပြည်နယ်တွင် ရေချိုးရန် သွားစဉ် လက်နက်ကြီးထိမှန်သေဆုံးကြောင်း ရင်းနှီးသော မိတ်ဆွေများနှင့်ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ် စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ တပ်မှ ဗိုလ်ကြီး နေမျိုးသူနှင့် ၎င်း၏တပည့်ဖြစ်သူ တပ်ကြပ်ကြီး ဌေးဝင်းတို့သည် ကရင်နီပြည်နယ်(ကယား) လောပိတစခန်းတွင် တာဝန်ကျစဉ် ရေချိုးသွားရန် ကတုတ် ကျင်း ထဲမှ အထွက် PDFတပ်များက ပစ်ခတ်သည့် ၄၀ မမ လက်နက်ကြီးကျည်သည် ၎င်းတို့နှစ်ဦးပေါ်ကျရောက်ပေါက်ကွဲ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၅၃ ကျောင်းဆင်းဗိုလ်ကြီး နေမျိုးသူသည် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက် တွင် မကြာခဏဆိုသလို ဆဲဆိုနေသူဖြစ်ပြီး နွေဦးတော်လှန်ရေးကို အမြဲတစေ လှောင်ပြောင်သူ ဖြစ်ကြောင်း ၊ ဗိုလ်ကြီးနေမျိုးသူ သေဆုံးချိန်တွင် အသက် ၈ နှစ်အရွယ် သမီးဖြစ်သူနှင့် ဇနီးသည် ကျန်ခဲ့ရစ်ခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ကြီး နေမျိုးသူသည် ၂၀၂၁ ခုနှစ် အောက်တို ဘာလ ၂၇ ရက်နေ့ မင်း လှတွင် တာဝန်ကျခဲ့စဉ်က သက်ပိုင်မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်ကိုသက်ပိုင်ကို အနိုင်ကျင့် ဦးခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်ခွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လက်နက်ကြီးထိမှန်သေဆုံးသွားသော ဗိုလ်ကြီးနေမျိုးသူ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article