36 C
Yangon

ပုလဲ၊ မုံရွာ၊ ပုလောနှင့် ပခုက္ကူတွင် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်

Must read

ပုလဲ၊ မုံရွာ၊ ပုလောနှင့် ပခုက္ကူတွင် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မုံရွာမြို့နယ်၊ တနင်္သာရီတိုင်း ပုလောမြို့နယ်နှင့် မကွေးတိုင်း ပခုက္ကူမြို့နယ်တို့တွင် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ပုလဲမြို့ထွေအုပ်ရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

================================

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရးရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းနက်-နယ်စည်း မခြား ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်ကစ၍ ပုလဲမြို့ထွေအုပ်ရုံး၌ တပ်စွဲပြီး ရမ်းကားသောင်း ကျန်းနေသော အကြမ်းဖက်စစ်သား၊ ရဲများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၅၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားထိခိုက် သေဆုံးမှုအခြေအနေ မသိရသေးကြောင်း ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၃ ၊ PCN 4 ပြောက်ကျား တပ်ဖွဲ့၊ ရွှေဟင်္သာ ပြောက်ကျားတပ်ဖွဲ့၊ အညာဒေါင်း ပြောက်ကျားတပ်ဖွဲ့၊ ပေါက်တီးပြောက်ကျားတပ်ဖွဲ့၊ မုဆိုးလေး ပြောက်ကျားတပ်ဖွဲ့၊ ဂျိုကာ ပြောက်ကျားတပ်ဖွဲ့၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ MPN ပြောက် ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို ၆ ကြိမ် ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်

===============================

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာ ၆ ခုကို ဒီဇင်ဘာ လ ၃၁ ရက်နေ့က ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ပြပျောက်ကျားတပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၈ နာရီခွဲခန့်က ဗိုလ်တေဇလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းပုန်း အား လက်ပစ်ဗုံးတစ်လုံးဖြင့်လည်းကောင်း၊ ၁၀ နာရီခွဲခန့်တွင် အမှတ် ၂ ရဲစခန်းပတ်လည်အား ပြင်း အားမြင့် မိုင်း ၄ လုံးဖြင့်လည်းကောင်း၊ သမစိတ္တလမ်းဆုံးရှိ အကြမ်းဖက်စစ်ကောင်စီ အစောင့်စစ်သား များကို မိုင်း ၂ လုံးဖြင့်လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ အာဇာနည်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းပုန်းအား ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခြင်း ဖြင့် လည်းကောင်း၊ ၁၀ နာရီ ၄၃ မိနစ်တွင် အမှတ် ၂ ရဲစခန်းဘေးရှိ အကြမ်းဖက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိသောလည်း လုံခြုံရေးအ အတည်ပြုနိုင်ခြင်း မရှိခဲ့ ကြောင်း သိရသည်။

ထို့ပြင် မုံရွာမြို့လယ် မီးပွိုင့်တွင် မိုင်း ၂ လုံး၊ စည်ပင်ရုံးထဲတွင် ၂ လုံး၊ သာစည်လမ်းထိပ်တွင် ဖောက်ခွဲ ရန်သွားစဉ် စစ်သား နှစ်ဦးတက်လာသဖြင့် လက်လုပ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ပြည်သူ့ရဲ ဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Monywa Ninja Team ၊နွေဦးသစ္စာပြောက်ကျားအင်အားစု၊ ဗိုလ်ဒဿ ပြောက်ကျားတပ်ဖွဲ့၊ Monywa Dyanamite(STF) ၊ National People Defence Force ၊ Mother Son have Returned ၊ Bo Ga Tone ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ နှစ်သစ်ကူးကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

ပုလောတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

=========================

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်ပုဇွန်တောင်အနီးတွင် ဒီဇင်ဘာလ ၃၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့ဘက်မှ ပုလောမြို့နယ်ဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း နှစ်ဆိုင်း ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အသေအ ပျောက် များပြီး ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားကြောင်း သိသည်။

အဆိုပါတိုက်ခိုက်မှုကို King Cobra Force (တောကြီး မြွေဟောက်တပ်ဖွဲ့) နှင့် ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ခွဲ ၂ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသွားမိဘ ပြည်သူ များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်ကို အလေးထားလိုက်နာပေးကြပါရန် မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

ပခုက္ကူ၊ အရှေ့ဘုန်းကံရွာရှိ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

=============================

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်သား အင်အား ၂၀ ကျော်ရှိသော အရှေ့ဘုန်းကံရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဘက်မှလည်း ဘေးပတ် ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People Defence Force Column 1၊ ညီနောင်သုံးဖော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီသွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည်၊ သူရိန် UG၊ Pakokku Ranger၊ နဂါးမင်းလေကြောင်းစစ်ဆင်ရေးအဖွဲ့၊ Royal Defense Force Pakokku တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article