ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ခင်း ရန်ကုန်တွင် 𝗣𝗕𝗬𝗦𝗖 က ဦးဆောင်ပြုလုပ်သည့် “အကြောက် တရားဖြင့် အုပ်ချုပ်လို့ ရန်ကုန်သားတွေမဖြုံ” ကြွေးကြော်သံဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးပြောက်ကျားသပိတ်ကို ပြုလုပ်ကြသည်။
ယခုသပိတ်တွင် 𝗣𝗕𝗬𝗦𝗖 ( ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီ) နှင့်အတူ ဗမာ့ လူငယ်ကွန်ရက် ကော်မတီ တာမွေဗကသ နှင့် 𝗣𝗠𝗬𝗔 (တိုးတက်သောမွတ်စလင်လူငယ်များအစည်းအရုံး) များမှ ဝင်ရောက်ပါဝင်ပူးပေါင်းအားဖြည့်ပေးကြသည်။
Video – Yangon Drone