တန့်ဆည်တွင် “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ဟူ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၉
တန့်ဆည်ပင်မသပိတ်စစ်ကြောင်းဦးဆောင်၍ “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” စာသားကို
ကိုင်ဆောင်၍ စစ်အာဏာရှင်တို့၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု အလိုမရှိကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြသည်။