ကနီတွင် စစ်ဘေးရှောင် ပြည်သူများကို ကျေးလက်သူပုန် သပိတ် အင်အားစုများက စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၂၂
ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျေးလက်သူပုန် သပိတ် အင်အားစုများက ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်အုပ်စု၏ ကနီမြို့နယ်အတွင်း ရေကြောင်းလှုပ်ရှားမှု မြေပြင် စစ်ကြောင်းထိုးမှုတွေများကြောင့် စစ်ဘေးရှောင်ရွာပေါင်း ၂၀ ကျော်ရှိလာပြီး စစ်ရှောင်လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိကာ အချိန်ကာလ ကြာမြင့် လာသည်နှင့်အမျှ စစ်ဘေးရှောင် ပြည်သူတွေများလည်း ရက်ပေါင်းများစွာ နေအိမ်စွန့်ခွာနေရပြီး စာနပ်ရိက္ခာအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများနဲ့ ဆေးဝါးလိုအပ်ချက်များရှိကြောင်း သိရသည်။



