ကန့်ဘလူနှင့် ဝန်းသို မြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မီးတင်ရှို့နေ
ရန်ကုန်၊ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ် က ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးတင်ရှို့နေ ကြောင်း ဒေသသတင်းရင်းမြစ် Kawlin Revolution-KR က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်က ၆ နာရီ ၃၀ မိနစ်အချိန် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ဂုဏ်ညှင်းလျှို ကျေးရွာတွင် ညအိပ် ရပ်နားခဲ့သော စစ် တပ်စစ်ကြောင်းက ကျေးရွာကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စစ် တပ် စစ်ကြောင်းမှာ အင်အား ၅၀ ခန့်ပါဝင်ပြီး စစ်ကြောင်း ပြန်လည် မထွက် ခွာခင် ကျေးရွာကို မီးတင်ရှို့နေခြင်းဖြစ်သည်ဟု သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန် ဝန်းသိုမြို့ နယ် ပိန္နဲကုန်းရွာကိုလည်း စစ်တပ်က မီးစတင်ရှို့နေကြောင်း၊ မီးတင်ရှို့နေ သော စစ်ကြောင်းသည် အင်အား ၁၀၀ နီးပါး ပါဝင်ကြောင်း သိရှိရသည်။
“စစ်တပ် စစ်ကြောင်းတွေက စစ်ကြောင်း ထိုးလာပြီး လမ်းမှာ သူတို့နား တဲ့ရွာ တွေကို မနက်အစောကိုမီးရှို့နေတာပါ” ဟု Kawlin Revolution-KR မှ တာဝန် ရှိသူက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသည့် ကျေးရွာများအနီးမှ ပြည် သူ များမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်က မီးရှို့ထားသော ကျေးရွာတစ်ခုမြင်ကွင်း။