27 C
Yangon

ကနီတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာ ၈ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ

Must read

ကနီတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာ ၈ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာ ၈ ခုက ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း KLG ကျောက်လုံးကြီး တပ်မဟာက တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့​​ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ကနီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ပြည်သူပိုင် ကျေးရွာများအတွင်း စစ်ကြောင်း ထိုးဝင် ရောက်လာခြင်းကြောင့် နတ်လဘို့တောင်ရွာ၊ နတ်လဘို့မြောက်ရွာ၊ ဒေါင်းခြံရွာ၊ ကျွန်းကလေးရွာ၊ နွားခြံကုန်းရွာ၊ သပြေတော ရွာ၊ အုန်းပင်ဆိပ်ရွာနှင့် ယင်းမိုးရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကျေးရွာ ၈ ခုမှ စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော်သည် ၁၂ ရက်ကြာ တောတောင်များအတွင်း တိမ်းရှောင်နေရသောကြောင့် အနွေးထည်၊ ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

“ပြည်သူတွေက စစ်ဘေးရှောင် နေရတာ ၁၂ ရက်လောက်ရှိပြီ စစ်ဘေးရှောင် လူဦး ရေ ၁၀၀၀ ကျော်ရှိတယ်။ အနွေးထည် ရိက္ခာ ဆေးဝါးများ လိုအပ် နေ တယ်။ စစ်ဘေးရှောင်ရင်း မီးဖွားထားတာ ၃ ရက်လောက်ပဲ ရှိသေးတဲ့ အမျိုး သမီးတချို့လည်းပါတယ်။ အဖိုးကြီး အဖွားကြီးတွေလည်း တော်တော် ဒုက္ခ ရောက်နေတယ်။ ခွေးတွေက သပြေတောကျေးရွာမှာ အခုထိ စခန်းချ ထား တော့ ပြည်သူတွေ ရွာထဲ ပြန်မဝင်နိုင်သေးဘူး” ဟု KLG ကျောက်လုံးကြီး တပ်မဟာက တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article