27 C
Yangon

သာသနာအမှတ်တံဆိပ်ကားဖြင့် ရေးဘီလူးအဖွဲ့၏ သတင်းကို လိုက်လံ စုံစမ်း နေသော ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မူးယစ်ဆေးဝါးများနှင့် ပစ္စတို ၂ လက် ဖမ်းဆီးရမိ

Must read

သာသနာအမှတ်တံဆိပ်ကားဖြင့် ရေးဘီလူးအဖွဲ့၏ သတင်းကို လိုက်လံ စုံစမ်း နေသော ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မူးယစ်ဆေးဝါးများနှင့် ပစ္စတို ၂ လက် ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် သာသနာအမှတ်တံဆိပ်ကားဖြင့် ရေးဘီလူးအဖွဲ့ ၏ သတင်းကို လိုက်လံစုံစမ်းနေသော ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး ပြီး မူးယစ်ဆေးဝါးနှင့် ပစ္စတို ၂ လက် ဖမ်းဆီး ရမိကြောင်း ရေးဘီလူးအဖွဲ့ ခေါင်း ဆောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့မွန်းလွဲ ၃ နာရီအချိန် ရေးမြို့နယ်၊ ဝေမှောင်ရွာ အနီး တွင် ပျူစောထီး ၂ ဦးက ဘုန်းကြီးကားဖြင့် မူးယစ်ဆေးဝါးရောင်းချခြင်း၊ ရေး ဘီလူး အဖွဲ့ အကြောင်း လိုက်လံ စုံစမ်းခြင်းများ ပြုလုပ်နေသဖြင့် ပစ် ခတ် တိုက်ခိုက်ရာမှ သေဆုံး သွား ကြောင်း၊ ကားအတွင်းမှ ပစ္စတိုလက်နက် ၂ လက်၊ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း၊ ၂ ဦးစလုံးသည် ရေးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ လူဆိုးလူမိုက်များဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ပြောသည်။

“တစ်ကောင်က ရွှေပြည်သာရွာက ။ မူးယစ်ဆေးဝါး ရောင်းတဲ့ကောင်။ နောက် တစ် ကောင်က အစင်ကျေးရွာက ဝင်းစိုးသွေး။ သူတို့နှစ်ဦးက ဘုန်းကြီး ကားနဲ့ PDF တွေ ၊ရေးဘီလူးအဖွဲ့ သတင်း အဓိက စုံစမ်းထောက်လှမ်း တယ်။ ခွေးတွေ လုံး၀ မွေးထားတဲ့ကောင်တွေ။ မူးယစ်ဆေးဝါးတွေ လိုက်ရောင်းပြီး လူငယ် တွေကို ဖျက်ဆီးတယ်။ ဒီကောင်တွေဆီက မူးယစ်ဆေးဝါးနဲ့ လက်နက် တွေမိ တယ်။ ဒီကောင်တွေကို ဝေဇင်ရွာ မရောက်ခင် ဝေမှောင်ရွာနားမှာ ဒီနေ့ ညနေ က ပစ်ခတ်တိုက်ခိုက်တာပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရှင်းပြ သည်။

အကြမ်းဖက်စစ်ကောင်စီက ရေးမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး အဖွဲ့ဖြစ်သည့် ရေး ဘီလူး ၏ သတင်းများကို ပုံစံအမျိုးမျိုးဖြင့် စုံစမ်းထောက် လှမ်းလျက်ရှိနေပြီး မြို့တွင်းတွင်လည်း ရေးဘီလူးအဖွဲ့ကို ကြောက်လန့်၍ လုံခြုံရေး အတား အဆီး များ ချထားကြောင်း စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article