30 C
Yangon

စစ်အုပ်ချုပ်ရေး ကြေညာထားသော ခင်ဦးမြို့ပေါ်ကို PDF တပ်များက ဝင်ရောက် ပစ်ခတ်မှု စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

စစ်အုပ်ချုပ်ရေး ကြေညာထားသော ခင်ဦးမြို့ပေါ်ကို PDF တပ်များက ဝင်ရောက် ပစ်ခတ်မှု စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF တပ်များက ခင်ဦးမြို့ပေါ်သို့ ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် ခင်ဦးမြို့ပေါ်၌ စစ်ကောင်စီ စခန်းကို ဆိုင်ကယ်စီး၍ ပြန်လာသည့် စစ်ကောင်စီ တပ်သား ၁ ဦးကို မြို့လယ် လမ်းမတော် လမ်းမကြီးပေါ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော စစ်ကောင်စီ တပ်သားထံမှ စကရ-၁၇၄၄ G3 လက်နက် ၁ လက်၊ ကျည်ဘောက် ၁ ဘောက်နှင့် ကျည် ၉ တောင့်ကို ကာကွယ်ရေးအဖွဲ့များမှ သိမ်းဆည်းခဲ့ကြောင်း၊ သိမ်းဆည်းရမိ ပစ္စည်းများကို ရွှေဘိုခရိုင် အမှတ် ၂ ကွပ်ကဲရုံးသို့ အပ်နှံခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် မြို့နယ် ပကဖ နှင့် ဖီးနစ် မြို့ပြ ပျောက်ကြား (UG)အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article