25 C
Yangon

ဝက်လက်၊ စိုင်နိုင်ကွေ့ရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ လောင်းလုံးတွင် ပျူစောထီးများ လိုက်ပါလာသည့် သုံးဘီးယာဥ်ကို မိုင်းဆွဲ တိုက်ခိုက်

Must read

ဝက်လက်၊ စိုင်နိုင်ကွေ့ရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ လောင်းလုံးတွင် ပျူစောထီးများ လိုက်ပါလာသည့် သုံးဘီးယာဥ်ကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ရွာ၌ တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက် PRF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်သား ၂ ဦး သေဆုံးကာ ပြည်သူ့ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်PRF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်PRF) ရဲဘော်များနှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် GZ Special Task Force၊ တော်ဝင်ဖီးနစ်၊ ရွှေဘိုခရိုင်တပ်ရင်း၂၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသည့် သုံးဘီးယာဥ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း LLPDF တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်နှင့် စမ်းလှမ်းကျေးရွာ လမ်းမကြီးပေါ်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စမ်းလှမ်းရွာမှာ ဘုရားပွဲကျင်းပဖို့ ဘုရားထီး ပင့်ဆောင်လာတဲ့ ပျူစောထီးအဖွဲ့ရဲ့ ရှေ့​တော်ပြေး မောင်းနှင်းလာတဲ့ စမ်းလှမ်း ပျူစောထီးခေါင်းဆောင် လိုက်ပါလာတဲ့ သုံးဘီးယာဥ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ ထိခိုက်သေဆုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article