31 C
Yangon

ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက် ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် ပခုက္ကူ – ရေစကြို ကားလမ်း တစ်နေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့တွင် စစ်သားများ လိုက်ပါသော ကား၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို နေရာတွင်ပင် သေဆုံးကြောင်း၊ ကားတစ်စီး လွတ်မြောက်သွားပြီး လွတ်မြောက်သွားသော CR-V ကားပေါ်တွင်ပါသွားသော စစ်သား ၃ ဦးမှာ ဆေးရုံတွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စုစုပေါင်း စစ်သား ၁၀ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ၊ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ်တိုက်ခိုက်မှုသည် ၅ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက် မရှိကြောင်း သိရှိရသည်။

(ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/97979 တွင်သွားရောက် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article