34 C
Yangon

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ဒေါ်ဝါဝါဝင်းနှင့် နိုဘယ်လ် နီနီထွေးတို့ကို ၁၅ ရက်အထိ တိုက်ပိတ်ထား၊ မန္တလေး အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသူများ တိုက်ခိုက်ခံရပြီး ဒဏ်ရာရ

Must read

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ဒေါ်ဝါဝါဝင်းနှင့် နိုဘယ်လ် နီနီထွေးတို့ကို ၁၅ ရက်အထိ တိုက်ပိတ်ထား၊ မန္တလေး အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသူများ တိုက်ခိုက်ခံရပြီး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ဒေါ်ဝါဝါဝင်း၊ နိုဘယ်လ်နီနီထွေးတို့ကို ထောင်ပိုင်၏ စစ်ဆေးရေး လမ်းကြောင်းရှိချိန် အဆင်မပြေမှုများ၊ ထောင်ဝန်ထမ်းများ၏ ပြုမူမှုများအပေါ် မကျေနပ်ချက်များ ထုတ်ဖော်သဖြင့် တိုက်ပိတ်ထားကြောင်း သိရှိရသည်။

“ထောင်ပိုင်လမ်းကြောင်းမှာ မကျေနပ်ချက်နဲ့ အဆင်မပြေတာတွေကို တင်ပြလို့ တိုက်ပိတ်ခံရထားတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့ကနေ စပြီး တိုက်ပိတ်ခံရတာ။ ထောင်ပိုင်ကြီးကို လိုအပ်ချက်တွေကို တင်ပြလို့ အပိတ်ခံရတာ။ အခုအင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းတာ အရမ်းဆိုးနေတယ်။ ပစ္စည်းတွေ တောင်မယူရဘူး” ဟု အင်းစိန်ထောင်သတင်းရင်းမြစ်က ပြောသည်။

အလားတူ မန္တလေးတိုင်း၊ အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများကို ဖေဖော်ဝါရီ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် အကျဉ်းထောင်ဝန်ထမ်းများက အကြောင်းပြချက်မရှိ သံတုတ်များနှင့် ဝင်ရိုက်နှက်မှုနှင့် လေးခွများနှင့် ပစ်ခတ်ခြင်းစသည့် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ အကြမ်းဖက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ ‌‌သွေးထွက်သံယိုဖြစ်သည်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

” ထောင်ဆူတာ လုံးဝ မဟုတ်ဘူး ဝင်ရိုက်တာပါ။ ၃ ရက်နေ့က နေ့လယ် ၃ နာရီကနေ ၄ နာရီခွဲထိ ဆက်တိုက် အကျဆောင်နဲ့ ထောင်မကြီးထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားမိန်းက‌လေးတွေကို အကြောင်းပြချက်မရှိဘဲ သံတုတ်တွေနဲ့ ရိုက်ချက် လေးဂွနဲ့ပစ်ပြီး ကျဉ်စက်တွေပါ ရိုက်နှက်နှိပ်စက်ပြီး အကြမ်းဖက်တာ တော်တော်ဆိုးဝါးခဲ့ပြီး မေ့လဲသူတွေ၊ လေးဂွနဲ့ပစ်လို့ မျက်လုံးထိမှန်/ခန္တာကိုယ်ပေါက်ပြဲဒဏ်ရာရပါတယ်။ သံတုတ်နဲ့အရိုက်ခံရတဲ့ မိန်းကလေးတွေဆို မျက်နှာနဲ့ခေါင်းတွေထိပြီး သွေးထွက်သံယိုတာတွေ တော်တော်ထိခိုက်ခဲ့ပါတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသမီးအကျဉ်းထောင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့(တန်ဆောင်မုန်းလပြည့်နေ့)ကလည်း အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ ရှိခဲ့ပြီး အမျိုးသားအဆောင်ဘက်မှ သံတိုင်များကို သံတုတ်များနှင့် ရိုက်၍ ခြောက်လန့်ခဲ့သည့်အတွက် လူထိခိုက်မှု မရှိခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင် လည်း ထပ်မံ၍ အကြောင်းပြချက်မရှိဘဲ အကျဉ်းထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသူများကို ဝင်ရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်အင်းစိန်ထောင်ကို အပေါ်စီးမှ မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article