မုံရွာတွင် စစ်တပ်က ပြည်သူတစ်ဦးကို ဦးခေါင်းဖြတ်၍ သတ်ဖြတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆူးလေကုန်းကျေးရွာနှင့် ရန်နိုင်ကျွန်းကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ်က အမျိုးသားတစ်ဦးကို ဦးခေါင်း ဖြတ်သတ်ထားခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်း မှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် ည ၁၁ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်အနီးရှိ အလုံ မင်းဒေါင့်ဆိပ်ကမ်းမှ သင်္ဘောတစ်စီးဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အကြမ်း ဖက်စစ်သား ၇၀ ခန့်သည် မုံရွာမြို့အနီး ညောင်ပင်ဇောက်ရပ်ကွက် အနောက်ဘက် ဆားပေါက် ကုန်း တာဝန်တိုင်အနီးတွင် ဆိုက်ကပ်ခဲ့ကြောင်း၊ ယင်းနောက်ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းထွက်သွားပြီးတော့ ရွာသူရွာသားတွေက ပြန်ဝင်တဲ့အချိန်မှာ ခေါင်းဖြတ်အသတ်ခံထားရတဲ့ အလောင်းတစ်လောင်းတွေ့ခဲ့တာ၊ ခေါင်းဖြတ်သတ်ခံထားရတော့ ဘယ်သူ၊ ဘယ်ဝါဆိုတာ မသိရသေး ဘူး၊ ဒီနယ်ကတော့ မဟုတ်ဖို့များတယ်၊ ကျေးရွာတွေထဲကို ဝင်ပေမယ့် အိမ်တွေဝင်မွှေတာမျိုး၊ မီးရှို့ သွားတာမျိုးတော့ မရှိဘူး” ဟု မုံရွာ- အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့နောက် အဆိုပါအကြမ်းဖက်စစ်သားများသည် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၄ နာရီခန့်တွင် ထန်းလေးပင်ရွာ၊ ဆူလေးကန်းရွာတို့ဘက်သို့ စတင်ဝင်ရောက်ခဲ့ပြီး တံခွန်တိုင်ရွာ၊ မြင်သာရွာအနီး တဝိုက်ချောင်းရိုးများအကြားတွင် ကင်းပုန်းဝပ်ခဲ့ကာ အပြစ်မဲ့ပြည်သူအချို့ကို ဓားစာခံဖမ်းဆီးခဲ့ ကြောင်း၊ ထို့နောက် လာရာလမ်းအတိုင်း ပြန်ဆုတ်သွားပြီး ထန်းလေးပင်ကျေးရွာမှတဆင့် စက်လှေ ၅ စီးဖြင့် မုံရွာမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က ညတွင်းချင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် ဒေသခံပြည်သူများအများ အ ပြားထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ပျောက်ဆုံးနေသော ရွာသူ၊ရွာသားများလည်းရှိ ကြောင်း၊ ဓားစာခံဖမ်းဆီးခံရသူများလည်းရှိကြောင်း သိရသည်။
