35 C
Yangon

မိုးဗြဲနှင့် မတူပီတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်များပါ သိမ်းဆည်း ရမိ

Must read

မိုးဗြဲနှင့် မတူပီတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်များပါ သိမ်းဆည်း ရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကြောင်း မိုးဗြဲ PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၈ ရက် နံနက် ၉ နာရီခန့်က တင့်ကားတစ်စီးအပါအဝင် စစ်အင်အား အမြောက် အများဖြင့် မိုးဗြဲမြို့သို့ ဖြည့်တင်းရန် လာသော အကြမ်းဖက်စစ်တပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ KNDF B-03 နှင့် လွိုင်ကော် PDF တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ ဖယ်ခုံမြို့အခြေစိုက် စစ်တပ်၊ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်နှင့် ဝါရီဆူးပလိုင်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်တို့က တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် ညနေ ၄ နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ပစ်ကူပေးသော တာဝေး ပစ်လက်နက်ကြီး ၃ လုံးသည် အကြမ်းဖက်စစ်သားများတပ်စွဲထားရာ စက်ရောတောင်ပေါ်သို့ တည့် မတ်စွာကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား အနည်းဆုံး ၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲသည်ဟဆိုသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး အမြောက်အများ ပစ်ကူးပေးတိုက်ခိုက်ခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိုးဗြဲဒေသတွင် စစ် ရေးခြေနေတင်းမာနေပြီး လက်နက်ခဲယမ်းများဖြည့်နိုင်ရန် ကူညီပံ့ပိုးပေးပါရန်နှင့် တိုက်ပွဲဖြစ်ရာနေရာ အနီးတဝိုက်ခရီးသွားလာခြင်းမပြုကြရန် မိုးဗြဲ PDF တပ်ဖွဲ့မှ မေတ္တာရပ်ခံထားသည်။

အလားတူ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇိုတုန်နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကာ လက်နက်များပါ သိမ်းဆည်းရမိကြောင်း CDF –Zotung တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက် မွန်းတည့် ၁၂ နာရီ မှ ၂ နာရီထိ အကြမ်းဖက် စစ်တပ်နှင့် CDF တပ်ဖွဲ့တို့ တိုက်ပွဲအကြိမ်ကြိမ် ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား​ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ သေနတ် ၂ လက် သိမ်းဆည်းရရမိခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ရေဇွာမြို့မှ မိုင် ၂၀ အကွာရှိ ဇိုတုန်ရွာတစ်ရွာတွင် တပ်စွဲထားပြီး တိုက်ပွဲ များ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ရေဇွာ-မတူပီ လမ်းပိုင်းအတွင်း ခရီးသွားလာခြင်းမပြုရန် CDF –Zotung က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article