တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ ကိုရီးယား-မြန်မာငြိမ်းချမ်းရေး စင်တာတွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ရှိ ကိုရီးယား-မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒယ်ဂူးဘုန်းဘုန်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒယ်ဂူး ဘုန်းဘုန်းမှ ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ ထောက်ပို့ရေးကို အရှိန်အဟုန် မြှင့်သင့်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်များ PDF ပြည်သူ့ကာကွယ်ရေးတပ်များ အနေနှင့် တစ်စုတဝေးတည်း ပါဝင်ဆင်နွှဲနိုင်မှသာလျှင် အကြမ်းဖက် စစ်အာဏာရှင် စနစ်ဆိုးမှ အမြန်ဆုံးလွတ်မြောက်မှာ ဖြစ်ကြောင်း အသိပေး ပြောဆိုခဲ့သည်ဟု သိရသည်။



