ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သပိတ် အင်အားစုများနှင့် နဂါးနီစစ်ကြောင်းတို့ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဘုရားသုံးဆူမြို့ လူထုသပိတ် အင်အားစုများနှင့် နဂါးနီစစ်ကြောင်း မှ ရဲဘော်များ ပူးပေါင်းကာ ယနေ့ကျရောက်သည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
လက်ရှိ ၂၀၂၃ ခုနှစ်တွင် နွေဦးတော်လှန်ရေးကို ပိုမိုအားထည့် လုပ်ဆောင်ပေးရန် တိုက်တွန်းထားကြောင်း၊ တော်လှန်ရေးအောင်မြင်ပြီးသည့်နောက်ပိုင်း စစ်မှန်သည့် ဖက်ဒရယ်မူကို အခြေခံပြီး လူမျိုးပေါင်းစုံ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ဒီမိုကရေစီစနစ်ကို ရောက်ရှိအောင် ကြိုပမ်းရမည် ဖြစ်ကြောင်း နဂါးနီစစ်ကြောင်းမှ တိုက်တွန်းထားဟု သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2023/02/417-2.jpg)
![](https://yktnews.com/wp-content/uploads/2023/02/417-4.jpg)
![](https://yktnews.com/wp-content/uploads/2023/02/417-3.jpg)
![](https://yktnews.com/wp-content/uploads/2023/02/417-5.jpg)