တောင်ပိုင်းစစ်ဒေသ တောင်ညိုစစ်ကြောင်းကို လက်နက်များ တပ်ဆင် ပေးအပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
အမျိုးသား ညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ ကာကွယ်ရေး တပ်မတော်၏ တောင်ညိုစစ်ကြောင်းကို လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ကြောင်း ကစယ့်သူး (တောင်ညို) စစ်ကြောင်းထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၏ တောင်ညိုစစ်ကြောင်းမသို့ သွားရောက်ကာ တိုက်ပွဲဝင်ရဲဘော်များအား လက်နက်များ တပ်ဆင်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဒေသခွဲ အမှတ် ၃ အတွင်း စစ်ဆင် ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း၊ နွေဦးတော်လှန်ရေး၏ ၂ နှစ်ကျော်ကာလအတွင်း အာဏာ ရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုဩဝါဒစကားပြောကြားခဲ့ကြောင်း၊ စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကားပြောဆို၍ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းနိုင်ခဲ့ကြောင်း ကစယ့်သူး (တောင်ညို) စစ်ကြောင်းထံမှ သိရသည်။